Thursday, June 18, 2009

မွေးနေ့ဆုတောင်း...

ရန်ကုန်မိုးက comment မှာ ဒီကဗျာလေး ရေးခဲ့ပေးလို့ ပြန်တင်ပေးထားပါတယ်...


" အမေ ပင်ပန်းနေမှာ "


အမေ...
ဒီနေ့ဆိုရင် ...အမေနဲ့လူချင်းမတွေ့ရတာ
နစ်ပေါင်း နှစ်ဆယ်တိတိ ရှိပြီ အမေ ။

အမေ...
ကျန်းမာလို့ ရွှင်လန်းပါစေလို့
ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် အမေ ။

အမေ...
သို့ပေမဲ့..အမေရဲ့ အေးမြပြီးဖြူစင်တဲ့ ရုပ်ပုံလွာလေးတွေ
အမေရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ စကားသံလေးတွေကို
ကျွန်တော် တွေ့ရကြားရလို့ ဝမ်းသာမိတယ် အမေ ။

အမေ...
ကျွန်တော်တို့အတွက် အမေပေးဆပ်ခဲ့တာတွေ
စွန့်လွှတ်ခဲ့တာတွေ ၊ စေတနာထားခဲ့တာတွေ အားလုံးကို
ကျွန်တော် ဒီနေ့အထိ မေ့လို့မရဘူး အမေ ။

အမေ...
မြင့်မြတ်တဲ့ စိတ်ထား ၊ ကောင်းမွန်တဲ့ လမ်းညွှန်မှူ
မလျော့သော ဇွဲ ၊ ခိုင်ကြည်တဲ့ စိတ်ဓါတ်တွေကို
ကျွန်တော် လေးစားအားကျမိတယ် အမေ ။

အမေ...
ကျွန်တော်တို့တွေ အဝေးရောက်နေကြလို့
အမေ့ကို အထီးကျန်မဆန်စေရဘူး အမေ ။

အမေ...
အမေ့ဘေးနားမှာ ညီငယ်လေးတွေ ရှိနေသလို
အဝေးရောက်နေတဲ့ ကျွန်တော်တို့ သားကြီးတွေကလည်း
အမေ့ကို အမြဲအားပေးနေမှာပါ အမေ ။

အမေ...
အခုလေ .. ဒီကဗျာလေးကို ရေးရင်းနဲ့
ကျွန်တော် မျက်ရည်ဝဲမိတယ် အမေ ။

အမေ...
စိတ်ဓါတ်ခိုင်ကြည်တဲ့ သူတွေဟာ
ဘယ်တော့မှ မျက်ရည်မကျရဘူးဆိုလို့
ကျွန်တော် မငိုမိအောင် စိတ်ကိုတင်းထားတယ် အမေ ။

အမေ...
အမေ ကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ...
အမေ ငြိမ်းချမ်းပါစေ ၊ အေးမြပါစေ...
အမေ ဆန္ဒပြုခဲ့တဲ့အရာတွေ အောင်မြင်ပါစေ...


သြော်....အမေ...ပင်ပန်းနေမှာပဲနော် ။





[*]အမေ့ကို ချစ်တတ်တဲ့ ညီအစ်ကို ၊ မောင်နှမများ အားလုံးအတွက် ရည်ရွယ်ပါတယ် ။



၂၀၀၈ ခုနှစ် ၊ သြဂုတ်လ ၊ ၈ ရက် ။
ရန်ကုန်မိုး

2 comments:

အပေအတေပါ။ said...

မွေးနေ့မှသည် နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ ဆုတောင်းရင်း... အနော့်ဝဘ်မှာလည်း အနော်တို့ မလေးရှားမှ ဆုတောင်းပွဲသတင်းပို့စ်လေး တင်ထားပါတယ်။ www.lannthit.com

Angelhoneymoe said...

" အမေ ပင်ပန်းနေမှာ "


အမေ...
ဒီနေ့ဆိုရင် ...အမေနဲ့လူချင်းမတွေ့ရတာ
နစ်ပေါင်း နှစ်ဆယ်တိတိ ရှိပြီ အမေ ။

အမေ...
ကျန်းမာလို့ ရွှင်လန်းပါစေလို့
ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် အမေ ။

အမေ...
သို့ပေမဲ့..အမေရဲ့ အေးမြပြီးဖြူစင်တဲ့ ရုပ်ပုံလွာလေးတွေ
အမေရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ စကားသံလေးတွေကို
ကျွန်တော် တွေ့ရကြားရလို့ ဝမ်းသာမိတယ် အမေ ။

အမေ...
ကျွန်တော်တို့အတွက် အမေပေးဆပ်ခဲ့တာတွေ
စွန့်လွှတ်ခဲ့တာတွေ ၊ စေတနာထားခဲ့တာတွေ အားလုံးကို
ကျွန်တော် ဒီနေ့အထိ မေ့လို့မရဘူး အမေ ။

အမေ...
မြင့်မြတ်တဲ့ စိတ်ထား ၊ ကောင်းမွန်တဲ့ လမ်းညွှန်မှူ
မလျော့သော ဇွဲ ၊ ခိုင်ကြည်တဲ့ စိတ်ဓါတ်တွေကို
ကျွန်တော် လေးစားအားကျမိတယ် အမေ ။

အမေ...
ကျွန်တော်တို့တွေ အဝေးရောက်နေကြလို့
အမေ့ကို အထီးကျန်မဆန်စေရဘူး အမေ ။

အမေ...
အမေ့ဘေးနားမှာ ညီငယ်လေးတွေ ရှိနေသလို
အဝေးရောက်နေတဲ့ ကျွန်တော်တို့ သားကြီးတွေကလည်း
အမေ့ကို အမြဲအားပေးနေမှာပါ အမေ ။

အမေ...
အခုလေ .. ဒီကဗျာလေးကို ရေးရင်းနဲ့
ကျွန်တော် မျက်ရည်ဝဲမိတယ် အမေ ။

အမေ...
စိတ်ဓါတ်ခိုင်ကြည်တဲ့ သူတွေဟာ
ဘယ်တော့မှ မျက်ရည်မကျရဘူးဆိုလို့
ကျွန်တော် မငိုမိအောင် စိတ်ကိုတင်းထားတယ် အမေ ။

အမေ...
အမေ ကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ...
အမေ ငြိမ်းချမ်းပါစေ ၊ အေးမြပါစေ...
အမေ ဆန္ဒပြုခဲ့တဲ့အရာတွေ အောင်မြင်ပါစေ...


သြော်....အမေ...ပင်ပန်းနေမှာပဲနော် ။





[*]အမေ့ကို ချစ်တတ်တဲ့ ညီအစ်ကို ၊ မောင်နှမများ အားလုံးအတွက် ရည်ရွယ်ပါတယ် ။



၂၀၀၈ ခုနှစ် ၊ သြဂုတ်လ ၊ ၈ ရက် ။
ရန်ကုန်မိုး


*ကျွှန်တော် Burmeseclassic Forum မှာရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ ။