သမီးတွေမနက်ကျောင်းသွားချိန် ကျောင်းကားဆီကို လိုက်ပို့ရလေ့ရှိပါတယ်။ သိပ်မအေးတဲ့အချိန်မှာ သူတို့အဖိုးက လိုက်ပို့ပေးပါတယ်။ ကားမလာခင်မှာ ဒီလိုပဲစောင့်နေရလေ့ရှိပါတယ်။
ကားလာပြီဆိုလျှင်တော့ တန်းစီပြီးစနစ်တကျတက်ကြရပါတယ်။ ကားမောင်းတဲ့သူက ကလေးအရေအတွက်ကို သူ့မှာပါတဲ့စက်ကလေးနဲ့ မှတ်ထားရတယ်။ ကားပေါ်ရောက်တဲ့ခလေးတွေအားလုံးရဲ့ လုံခြုံရေးက သူ့တာဝန်ဖြစ်သွားပြီ။ကားရပ်လိုပ်တာနဲ့ လုံခြုံရေးအတွက် STOP ဆိုတာက ကားတံခါးဖွင့်လိုက်တာနဲ့ ပေါ်လာပြီး အရှေ့ကဖြစ်ဖြစ် အနောက်ကဖြစ်ဖြစ် ဘယ်ကားမှဖြတ်ကျော်မောင်းလို့မရတော့ဘူး။
ကလေးတွေ တက်တက်၊ ဆင်းဆင်း လုံခြုံရေးအတွက် အခြားကားတွေက ရပ်ထားကြရတယ်။
သူတို့ကားပေါ်တက်သွားပြီဆိုရင်တော့ ပို့ပေးရတဲ့ မိဘတွေက တာဝန်ကြေပြီ။ ကျန်တာက ကားမောင်းသူနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေက ဒီကလေးတွေ လုံခြုံဖို့ ဆက်တာဝန်ယူကြလိမ့်မယ်။ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုပ်စရာရှိတဲ့အလုပ်တွေကို ဧဧချမ်းချမ်းလုပ်လို့ရတယ်။ ဘာမှသိပ်ပြီးပူစရာမလို။ ဒီမှာနေရတာ ကိုယ့်တစ်မိသားစုအတွက်ကတော့ဘာမှပူစရာမရှိပေမဲ့ ပြည့်ပြည့်ဝဝ ပျော်ကြည့်လို့ကိုမရပါဘူး။ ကျမတို့မှာ ဘာကြိမ်စာတွေများ ရှိခဲ့ကြသလဲမသိဘူး။ ဧချမ်းစွာနေလို့ရတဲ့နေရာမှာတောင် ဧချမ်းစွာနေထိုင်လို့မရဘူး။ အချိန်ရှိသမျှ ဒုက္ခခံနေကြရတဲ့ ကိုယ့်သွေးသားချင်းတွေကိုပဲ မေ့လို့မရနိုင်အောင် စိတ်ဖိစီးနေကြရတာ။
သူတို့လေးတွေအရွယ်ရောက်လာကြရင်တော့ သူတို့တိုင်းပြည်က ဒုက္ခတွေပင်လယ်ဝေနေကြတဲ့ သူတို့ရဲ့ ညီကိုမောင်နှမတွေကို တနည်းနည်းနဲ့ ကူညီနိုင်ကြဖို့ တိုက်တွန်းရအုံးမယ်။သူတို့မှာလည်းတာဝန်ရှိတယ်လေ...
No comments:
Post a Comment