Thursday, May 21, 2009

မပိအိုင်းတို့ရဲ့ ဖျော်ဖြေမှု

သမီးပိအိုင်းတို့ကျောင်းမှ ဂီိတဖျော်ဖြေပွဲလေးတခုပါ။ ဒီက ကလေးငယ်များဟာ သူတို့အရွယ်အလိုက် ကျောင်းတွေမှာ အားလုံးတန်းတူညီမျှစွာ၊ ပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရကြပါတယ်။ မိဘအသိုင်းအဝိုင်းချမ်းသာတာ၊ ဆင်းရဲတာဆိုပြီးကွားခြားတာ လုံးဝမရှိပါဘူး။ ပညာမသင်နိုင်တဲ့ ကလေးဆိုတာလည်း မရှိပါဘူး။ ကလေးတွေ ဒီလိုအခွင့်အရေးတွေရကြတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က ပြည်သူလူထုတွေဟာ သူတို့တတွေရဲ့အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ရဲရဲဝံ့ဝံ့တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး တိုင်းပြည်ရဲ့ အခြေခံဥပဒေတွေကို စနစ်တကျရေးဆွဲခဲ့ကြလို့ အခုလို အနာဂတ်လူတွေ ကောင်းကျိုးတွေကို ရရှိခံစားနေကြရတာဖြစ်ပါတယ်။ ကျမတို့တိုင်းပြည်က ကလေးငယ်တိုင်းကိုလည်း တိုင်းပြည်အတွင်းမှာ ဒီလိုအခွင့်အရေးမျိုး ရရှိခံစားကြစေချင်ပါတယ်......။



3 comments:

Ree Noe Mann said...

အမ သမီးလေးက ချစ်စရာလေးနော်။

ခင်တဲ့
ရီနို

သစ်နက်ဆူး said...

ပိပိရေ...
ချီးကျူးပါတယ်ကွာ..
ဒါ..အရှေ့ အာရှက မြန်မာတူရိယာ သံပတ္တလားကို
အခြေခံပြီး ဂီတကို ပုံဖော်ထားတာ။။။
တို့  ပိပိ ကတော့ အလယ်မှာ ပုံ့ ပုံ့ ကြီးနဲ့ ခန့် ခန့် ကြီးပေါ့ဗျာ...။
ပွဲထိန်းထားတာ...အခန့် ကြီးနဲ့ ။

ATN said...

Xylophone တီးတတ်သွားရင်လည်းကောင်းတာပဲ...