Sunday, November 9, 2008

ဘဝသံသရာ...


တချိန်တုန်းက…
စိမ်းလန်းပျိုမြစ်ခဲ့ဖူးတယ်ဆိုတာ…
ငါ့မှာလေ..ဟိုးအရင် တချိန်တုန်းက…
စိမ်းလန်းပျိုမြစ်ခဲ့ဖူးတယ်ဆိုတာ…
နင်မှတ်မိပါသေးရဲ့လား…။
ညှာတံတွေ ခိုင်ခိုင်မတ်မတ်နဲ့…
ငါတို့.. တောက်ပခဲ့ဖူးပါတယ်..။
လေအဝှေ့မှာ.. ယိမ်းနွဲ့လို့လဲ…
ငါတို့ ပျော်ခဲ့ဖူးသေးတယ်..။
ပူလောင်တဲ့နေရောင်အောက်က..
နင်တို့တတွေအတွက်…
အေးမြတဲ့အရိပ်တွေ ပေးခဲ့ဖူးတယ်လေ..။
နင်တို့တတွေ အသက်ဆက်ဖို့..
အောက်ဆီဂျင်ဆိုတာကိုလည်း..
ငါတို့ ပေးနိုင်ခဲ့ပါတယ်…။ဒါပေမဲ့.. ခုချိန်မှာတော့..
မိုးရေစက်နဲ့… လေပြေတွေက…
အင်အားမရှိတော့တဲ့ ငါ့ကို..
ပျိုမြစ်ခြင်းအတွက် ပေးဆပ်ဖို့..
မိခင်အပင်ကြီးပေါ်က..
ချွေချခဲ့ကြပြီလေ..။မြေပေါ်ကျလာတဲ့ ငါတို့ကို..
နင်းဖို့.. ဘယ်သူဝန်လေးကြလို့လဲ..။ဒီလိုနဲ့ တစတစ..
ဒီကမ္ဘာမြေပေါ်က..
ငါတို့ပျောက်ကွယ်သွားရမှာ..မမြဲတဲ့ သင်္ခါရ
နင်တို့ကို.. တရားပြခဲ့တယ်…သတိရနေကြပါ…
ဒီကမ္ဘာမြေပေါ်က..
နင်တို့ … မပျောက်ကွယ်ရသေးခင်အထိပေါ့…။

8 comments:

ဟန်လင်းထွန်း said...

သူတို့လေးတွေကိုကြီးကြည့်ရင် ကိုယ့်အသက်ကြီးလာမှန်းသိသာလာတယ်။

ဗေဒါရီ said...

ကဗျာလေးလာဖတ်သွားတယ် ... ။ ကျွန်မလည်း သစ်ရွက်ကြွေလေးတွေအကြောင်း ရေးဦးမလို့ စိတ်ကူးပြီး ဓာတ်ပုံလေးတွေ ရိုက်ထားသေးတယ်။ လောလောဆယ်တော့ မအားသေးလို့။
ဒီကဗျာလေးက တရားသဘောနဲ့ယှဉ်ပြီး သံဝေဂ ရစရာပါပဲ။

poppi said...

Mom can we go to the mall next month? Pleas!!!!!!

Anonymous said...

ကဗျာလေးက အတွေးတွေအများကြီးဖြစ်စေတယ်၊ ကဗျာနဲ့ပုံတွေနဲ့လည်းလိုက်ဖက်ညီတယ်၊
အပြည့်အ၀ခံစားပေးသွားပါတယ် အမရေ

သစ်နက်ဆူး said...

မအိမ်သူ.....
ရဟန်းတစ်ပါးတော့ ကြာပန်းလေးရဲ့ အဆင့်ဆင့်ညှိုးနွမ်းသွားပုံကို ရှုမှတ်ရင်း....
အရဟတ္တဖိုလ် ဆိုက်သွားတယ်လို့  ဖတ်ဘူး မှတ်ဘူးပါတယ်....။
ဒိပို့ စ်လေးက လေးနက်ပြီး တန်ဘိုးရှိပါတယ်...။
ကျေးဇူးဘဲဗျာ...။

ငြိမ်သက် said...

မချို မော်ဒယ်တွေကို
အနုပညာကြေးမပေးပဲ သုံးရင်
အဲဒါ forcelabour နော်

အိမ်လွမ်းသူ said...

ဟဲ.ဟဲ.. ဒီမော်ဒယ်တွေက ပိုတောင်ဈေးကြီးသေး..

mabaydar said...

ဓာတ်ပုံလေးတွေကလှလိုက်တာ...