Thursday, December 25, 2008

ပုဂ္ဂလပညတ် ဓာတ်စာများ

ဘလော့ဂါ မောင်နှစ်မတွေဖြစ်ကြတဲ့ ညီမဆုမွန်နဲ့ ကိုကွီနိုင်းတို့က စီဘောက်မှာ ရေးသွားကြ တာတွေ့လို့ “ပုဂ္ဂလပညတ် ဓာတ်စာများ” ကို ဆရာကြီးဦးသာတင့်ရဲ့ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကူးယူတင်ပြပေးလိုက်ပါတယ်။ ရှေးက တင်ပြခဲ့တဲ့ အခြေခံတွေကို သိရှိနားလည်ပြီး ဖြစ်မယ်လို့ ယူဆထားသော်လည်း ဘယ်လိုစားသောက် သုံးစွဲရမလဲဆိုတာ အနည်းငယ်ထပ်မံရှင်းပြချင်ပါတယ်။
က၊ ခ၊ ဂ၊ ဃ၊ င တို့သည် လည်းကောင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ တို့သည် လည်းကောင်း ၊ ယ၊ လ၊ ဝတို့သည်လည်းကောင်း ယင်းဗျည်းတို့၏ အသံပါသမျှတို့သည်လည်းကောင်း သောမ ပညတ်များဖြစ်ကြသည်။ လဂိုဏ်း ဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်ကျော်၊ မောင်ဝင်း၊ မောင်မြ၊ မောင်သိန်း စသည်များတွင် အရင်းနာမ်ကိုယူရသည်။ သက်မဲ့ဖြစ်လျှင် အဖျားနာမ်ကို ယူရသည်။
ပုဂ္ဂလပညတ် ဓာတ်ဆရာ၏အလိုအားဖြင့် ရေသတ္တဝါဖြစ်လျှင် အဖျားနာမ်ကိုယူလေ့ရှိသည်။
သောမ ပညတ်အမည်ရှိသူသည် သောမပညတ်အမည်ရှိသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- မောင်ကျော်သည် သောမပညတ်အမည်နှင့်ဆုံးသော ကြက်၊ ဝက်၊ ဘဲ၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ ငါးပြေမ၊ ငါးဖယ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရှောက် စသည့် တို့ဖြစ်သည်။)
စ၊ ဆ၊ ဇ၊ ဈ၊ ည တို့သည်လည်းကောင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ တို့သည်လည်းကောင်း တ၊ ထ၊ ဒ၊ ဓ၊ န တို့သည်လည်းကောင်း၊ ရ ကောက်သည်လည်းကောင်း၊ အ သည်လည်းကောင်း ယင်းဗျည်း တို့၏ အသံပါသမျှတို့သည် လည်းကောင်း ပါပ ပညတ်များဖြစ်ကြသည်။ နေဂိုဏ်းဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်အုန်း၊ မောင်ဉာဏ်၊ မောင်ထွန်း၊ မောင်ရွှေ တို့သည် ပါပ ပညတ် (နေဂိုဏ်း) များဖြစ်သည် ။ ပါပပညတ် ပါသောအမည်ရှိသူသည် ပါပပညတ် အမည်ပါသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- အောင်း၊ ကုလားအုပ်၊ ဆိတ်၊ နွား၊ ထုံး၊ ငါးအိုက်၊ ငါးရံ့၊ ငါးတန်၊ ပုစွန်၊ ဂန့်အိပ်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ရွှေဖရုံ စသည့် တို့ဖြစ်သည်။)
မိမိတို့ဂိုဏ်းနှင့် သက်ဆိုင်ရာ အစားအသောက်များကို စားခြင်းသည် နာမ်ဆေးဟု ခေါ်ဆို ခြင်းပင်ဖြစ်သည်။
သောမဂိုဏ်းသားသည် မိမိတို့နှင့် မသင့်သော၊ ပါပပညတ်ပါသော ဆေးဝါး အစာအာဟာရ ဝတ္ထုမှန်သမျှတို့ကို အပြင်မှရှူရန်၊ မှိုင်းနံ့ခံရန်၊ လိမ်းရန်၊ စိမ်ပေးရန်သာလျှင် ပြုလုပ်ရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ရုပ်ဆေးဟုခေါ်သည်။ ပါပဂိုဏ်းသားတို့သည်လည်း ထို့နည်းတူစွာ ပင်ဖြစ်သည်။
ပုဂ္ဂလပညတ် ဓာတ်စာများ
သာမန်အားဖြင့် လူတို့ နေ့စဉ်စားသုံးနေကြသည့် အစားအစာများကို နေဂိုဏ်း၊ လဂိုဏ်း ခွဲခြား ပေးပါသည်။ မိမိတို့ဂိုဏ်းဝင်အစားအစာများကိုသာ ရွေးချယ်စားသောက်ရန် အရေးကြီးပါ သည်။ အောက်တွင်ဖော်ပြထားသည့်အစာများတွင် ရေသတ္တဝါ၊ ကုန်းသတ္တဝါ၊ သစ်သီး၊ သစ်ရွက်၊ သစ်မြစ်၊ သစ်ဥ ..စသည်များ ပါဝင်ပါသည်။ ယင်းတို့ကို အချဉ်ပြုလုပ်ခြင်း၊ အခြောက်ပြုလုပ်ခြင်း၊ ယိုပြုလုပ်ခြင်း၊ ငါးပိပြုလုပ်ခြင်း၊ ဒိန်ချဉ်ပြုလုပ်ခြင်း၊ ထောပတ် ပြုလုပ်ခြင်း၊ အစိမ်းအတိုင်းစားသောက်ခြင်း စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို စားသောက်နိုင်ပါသည်။ ထိုသို့စားသောက်ရာတွင် အဆိပ်အတောက် ဖြစ်စေသည်အထိ အချဉ်တည်ထားခြင်း၊ အခြောက်လုပ်ထားခြင်းကို သတိပြုရန်လိုပါသည်။
လဂိုဏ်း
ကသပေါင်း၊ ငါးပုတ်ပြား၊ ယောက်သွား၊ ဝမ်းဘဲသား
ငါးခူ၊ ငါးဖျင်းသလက်၊ မြွေသား၊ ငန်းဘဲသား
ငါးခုံးမ၊ ငါးဖယ်၊ ကနုကမာ၊ ကြက်သား
ငါးခေါင်းပွ၊ ငါးမုတ်၊ ခိုသား၊ ဖားသား
ငါးကလောင်ကြပ်၊ ငါးသလောက်၊ ခါသား၊ ကြွက်သား
ကင်၊ ငါးသိုင်း၊ ငူသား၊ ကြောင်သား
ငါးပတ်၊ ငါးသပိုး၊ ငုံးသား၊ ယုန်သား
ငါးဘဲဖြူ၊ ငါးနက်ပြာ၊ ချိုးသား၊ ဝက်သား
ငါးပြေမ၊ ငါးသံချိတ်၊ လင်းဝက်သား၊ ကျွဲသား
ကပ်သမျှင်၊ ငါးလူး၊ ဗျိုင်းသား၊ မြင်းသား
ငါးပုတ်သင်၊ လိပ်ကျောက်သား၊ ရေကြက်သား၊ ချေသား
မျောက်သား၊ ကြက်ဟင်းခါး၊ အာလူး၊ ပဲမြစ်
သိုးသား၊ မာလာ၊ မြောက်ဥ၊ သစ်ကြားသီး
ပွေးသား၊ သခွတ်၊ ပိန်းဥ၊ သစ်ခြသီး
ပူသား၊ ကျီးချေ၊ ကြက်သွန်ဖြူ၊ လက်ခုပ်
ဖွတ်သား၊ မဲဇလီ၊ ကြက်သွန်ဥကြီး၊ သီးသီး
မိကျောင်းသား၊ ပိလော၊ ကြက်သွန်မြိတ်၊ သဖန်း
ကျွဲနို့၊ ဘဲ့ပြား၊ ငရုတ်ကောင်း၊ တောင်သလဲ
မြင်းနို့၊ ပဲပြား၊ မာဆလာ၊ ပြောင်းဖူး
၎င်းဒိန်ချဉ်၊ ကင်ပလင်း၊ မှို၊ လိမ္မော်သီး
၎င်းထောပတ်၊ ပဲပင်ပေါက်၊ မျှစ်၊ ကျွဲကောသီး
မြင်းခွာရွက်၊ ခဝ၊ဲ ဖလံတောင်ဝှေး၊ ရှောက်သီး
ကြာရိုး၊ သပွတ်၊ ဂုံမင်း၊ ရှောက်ချိုသီး
ချဉ်ပေါင်ဖြူ၊ ဗုံလုံ၊ ဂုံခါး၊ တုံကျင်သီး
ရွှေဘိုချဉ်ပေါင၊် ကြောင်ပန်း၊ ပရန္နဝါ၊ ဘင်္ဂလားသရက်
ကင်ပွန်းချဉ်၊ ကျောက်ဖရုံ၊ ကြိမ်ဖူး၊ စွန်ပလွန်သီး
ဆလပ်ရွက်၊ လဲလူ၊ သရက်ကင်း၊ သလဲသီး
ဟင်းဂလာ၊ မလွှ၊ ဆီးဖြူသီိး၊ တောင်သလဲ
ဂန့်ဂလာ၊ ဆူးပန်း၊ ဂေါ်ရခါးသီး၊ ဇင်ပြွန်း
မုန်လာ၊ ဖက်သန်း၊ ဖန်ခါးသီး၊ ပဲကျား
တမာ၊ ကြိတ်မှန်၊ ပုံးရည်ကြီး၊ ပဲလွန်း
စပါးလင်၊ ဂေါ်ဖီ၊ ရခိုင်ငှက်ပျော၊ ကုလားပဲ
ပေါက်ပန်းဖြူ၊ ဆူးပုပ်၊ နံ့သာငှက်ပျော၊ ပဲကတ္တီပါ
ဒန့်သလွန်၊ ပိတ်ချင်း၊ ဖီးကြမ်းငှက်ပျော၊ ပဲဖြူလေး
ကြာဟင်း၊ ကွမ်း၊ ဝက်မလွတ်ငှက်ပျော၊ ပဲနုပြာ
ကသစ်၊ သီဟိုသရက်၊ သီးမွှေးငှက်ပျော၊ ပဲထောပတ်
ကြက်သဟင်း၊ ဘူး၊ မာလကာသီး၊ မတ်ပဲ
ကင်းပုံ၊ သဗြု၊ သင်္ဘောသီး၊ မြေပဲ
ဆင်နှာမောင်း၊ သခွား၊ သဖန်းသီး၊ လက်ဖက်
ဒန့်ကျွဲ၊ နိုကိုဥ၊ စပျစ်သီး၊ ချင်း
ဂျူးမြစ်၊ ဖျံဥ၊ မင်းကွတ်သီး၊ လက်ဖက်ရည်
ကာဖီ၊ ကိတ်မုန့်၊ မုန်ဟင်းခါး
ကိုကိုး၊ ပေါင်မုန့်၊ ငချိတ်ပေါင်း
ကြံရည်၊ ကျောက်ကျော၊ သကြား
ဆေးကုလားမ၊ ထောပတ်၊ ကြံသကာ၊ ပျားရည် (ပျားရည်ကို လဂိုဏ်း၊ နေဂိုဏ်းမရွေးရဘဲ ဗဟိုဆေးအဖြစ် ပုဂ္ဂလပညတ် ဆရာကြီးများ အသုံးပြုကြလေသည်။)

နေဂိုဏ်း
ငါးစင်ရိုင်း၊ ကကူရံ၊ ကြက်တူရွေးသား၊ ထိကရုန်း
ငါးဖောင်ရိုး၊ ငါးရွေး၊ ပိုးစာရွက်၊ ရုံးပတီ
ငါးစင်စပ်၊ ငါးသေတ္တာ၊ ရွေဖရုံ၊ ကောက်ရိုးနွယ်
ငါးမြွေထိုး၊ ပုစွန်၊ နံန၊ံ ပါစွန်
ငါးအိုက်၊ ပုစွန်ထုပ်၊ ပင်စိမ်း၊ လိပ်စရွှေ
ငါးသလဲထိုး၊ စာသား၊ မန်ကျည်း၊ သနပ်
ငါးမြင်းရင်း၊ ဆတ်ရက်သား၊ ချဉ်ပေါင်နီ၊ အောင်မဲညို
ငါးထွေ၊ ရစ်သား၊ ကန်စွန်း၊ ကုလားမျက်စိ
ငါးကျည်း၊ ဒေါင်းသား၊ ကညွတ်၊ ခံတက်ချဉ်
ငါးတန်၊ ရှဥ့်သား၊ မှိုနတို ၊ ခံတက်ဥ
ငါးရံ့၊ စိုင်သား ၊ ဟင်းနုနယ် ၊ အင်ဥ
ကကတစ် ၊ ဆတ်သား၊ မုန်ညင်း၊ ကျီးအာ
ငါးပုဏ္ဏား၊ ဆိတ်သား ၊ဇရစ် ၊ ကန့်အိတ်
ငါးကွန်းရှပ်၊ ဆင်သား ၊ လင်းနေ၊ ပြည်ပန်းညို
ငါးရှဥ့်၊ စွန်သား၊ ဥသျှစ် ၊ ပိတ်စွယ်
ငါးကြင်းဇောက်၊ နွားသား၊ ရဲယို၊ ပင်စိမ်း
ငါးရံ့ခေါင်းတို၊ ပုရစ်၊ ကြက်ဆူ၊ မုန်ညင်း
ငါးရွှေ၊ ကြက်ဆင်သား၊ ကြက်သွန်နီ၊ တညင်း
ငါးနှပ်၊ ပဒပ်သား၊ ခရမ်းကစော့၊ ပဲတိုင်ထောင်
ငါးပူတင်း၊ တစ်တီတူးသား၊ ခရမ်းချဉ်၊ ငါးရံ့ပတူ
ငါးမျက်ဆန်နီ၊ ခရု၊ သစ်တိုသီး၊ လယ်ပတူ
ဂွေးတောက်၊ သြဇာ၊ နွားနို့၊ ဒိန်၊ မြူစွမ်
ပူတီနာ၊ ဆီး၊ နွားနို့ထောပတ်၊ ပလာတာ
ပီလောပီနံ၊ စုံပတတ်၊ နွားနို့ထမင်း၊ ဆမူဆာ
တောက်တာ၊ သံပုရာ၊ အုန်းဆီ၊ ဖာလူဒါ
ကတွတ်၊ သံပုရို ၊အုန်းရည်၊ ပူတင်း
ပဲဇောင်းလျား၊ နှမ်း၊ အုန်းထမင်း ၊အိုက်စကရင်
ကြောင်လျှာ၊ နှမ်းပျစ်၊ ဆိတ်နို့ ၊ ထန်းလျက်ကာဖီ
သက်ရင်း၊ နှမ်းဖတ်ချဉ် ၊ ဆိတ်နို့ဒိန်ချဉ် ၊ မဒေါ့သီး
မိုးနံ၊ စိမ်းစားဥ၊ ထန်းလျက်၊ ဗာဒံစေ့
ဝရောင်းချဉ်၊ စားတော်ပဲ၊ ကောက်ညှင်ပေါင်း၊ နို့ဆီ
စောင်းလျား၊ ပဲတီစိမ်း၊ ကောက်ညှင်းဆီထမင်း၊ ပေါက်ဆီ
ကနစိုး၊ ပဲတီနက် ၊ နှမ်းမနဲ၊ မုန့်ဗိုင်းတောင့်
ဖရဲ ၊ ပဲနောက် ၊ထန်းသီး ၊ချပါတီ
နာနတ် ၊ ပဲရာဇာ၊ ထန်းရည် ၊ သူငယ်စာငှက်ပျော
ဒူးရင်း၊ ပဲပိစပ် ၊ လှော်စာ၊ ဓနိရည်
ပိန္နဲ၊ ပဲပုစွန်၊ ခေါက်ဆွဲ ၊ ဓနိသီး
ဒူးရင်းသြဇာ၊ ပဲလေးညှင်း၊ ကြာဆံ၊ ထိုးမုန့်

၎င်းတို့ကို မိမိနှင့်သင့်လျှော်ရာ ရွေးချယ်စားသောက်နိုင်လျှင် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်ပြီး ရောဂါဘယဆိုးများ ကင်းစင်ကာ ကျန်းမာနိုင်ကြမည်ဖြစ်ပါသည်။ ကိုကွီနိုင်းမေးထားသော ဆီးချိုရောဂါဆေးမှာ ကျွန်မတွင်မရှိသော်လည်း ဆီးချိုရောဂါအတွက် ဆေးအဖြစ်အသုံးပြုနိုင်သည့် ဆေးအစာများကိုလည်း ကူးယူဖော်ပြပေးလိုက်ပါသည်။

လဂိုဏ်းသမားများအတွက်ဆေးအစာမှာ ကောလိသိန်၊ စွန်လက်သည်းမြစ် ဖြစ်ပြီး.. ၊ နေဂိုဏ်းသမားများအတွက် ဆေးအစာများမှာ ရေသကျည်း၊ ဇွန်ပန်း၊ တညင်းသီး၊ ပြည်ပန်းညို( အမြစ်၊ အခေါက် ရရာ) တို့ဖြစ်ပါသည်။ လဂိုဏ်းသမားများအတွက် ဆေးအစာကို၊ နေဂိုဏ်သမားတို့က ရှူနိုင်၊ လိမ်းနိုင်ပြီး..၊ နေဂိုဏ်သမားများအတွက် ဆေးအစာကို လဂိုဏ်းသမားများက ရှူနိုင်လိမ်းနိုင်ပါသည်။

ညီိမဆုမွန်အတွက် ထိုင်းနိုင်ငံမှာ စားသောက်နိုင်တဲ့ အမည်များကတော့ ခေါက်ညို (ကောက်ညှင်းပေါင်း)၊ စွန့်တန်(သင်္ဘောသီးထောင်း)၊ ဖတ်စီရို၊ မူကဌ(အသားကင်)၊ ပလာတူး(ငါး)၊ တုန့်ရမ်(ဟင်းချို)၊ နူရ(အမဲသား)၊ မနောင့်( သံပုရာသီး)၊ ပက်စီ .. စသည်ဖြင့် နေဂိုဏ်းအမည်နှင့်ဆုံးသော အစားအသောက်များကို စားသုံးနိုင်ပါတယ်လို့ ထိုင်းအခေါ် သိသလောက် ပြန်ကြားလိုက်ပါတယ်။

(ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ်ဓာတ်ကျမ်းမှ ကူးယူဖော်ပြပါသည်)
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်

အစဉ်လေးစားလျက်

5 comments:

Anonymous said...

(ဥပမာ- မောင်ကျော်သည် သောမပညတ်အမည်နှင့်ဆုံးသော ကြက်၊ ဝက်၊ ဘဲ၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ ငါးပြေမ၊ ငါးဖယ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရှောက် စသည့် တို့ဖြစ်သည်။)
ကျော်နဲ့စတာ သားနာမည်က။ အဲ့အစားအသောက်တွေ
အကုန်လုံးကြိုက်တယ်။ အဟီး။ ဖတ်ရမှတ်ရ ကျေးဇူးပြောရတာလည်း မနည်းတော့ဘူးတီတီအိမ်ရေ။း) စာတွေကို စောင့်မျှော်နေလျက်ပါ ..

မဆုမွန် said...

ဟီးဟီး ငါ့အစ်မက တော်တော်လေးကို ချစ်ဖို့ ကောင်းပါတယ်ကွယ်။။ ညီမလေးကလဲ အခု ထိုင်းမှာ အစ်မပြောတဲ့ ဟာတွေ ခေါက်ညို (ကောက်ညှင်းပေါင်း)၊ စွန့်တန်(သင်္ဘောသီးထောင်း)၊ ဖတ်စီရို၊ မူကဌ(အသားကင်)၊ ပလာတူး(ငါး)၊ တုန့်ရမ်(ဟင်းချို)၊ နူရ(အမဲသား)၊ မနောင့်( သံပုရာသီး)၊ ပက်စီ အဲ့တာပဲ ရွေးစားတာ...

တစ်ခုမေးမယ်နော် မဆုမွန်ဆိုတော့ ဆ နံမည်က နေဂိုဏ်း ..ပါပပညတ်ဆိုတော့ ပါပအမည်ပါတဲ့ အစား နေဂိုဏ်းစာတွေပဲ စားသင့်တာပေါ့ ကန်စွန်းရွက်တို့ ငါးရံတို့ ပုဇွန်တိုက အဲ့လိုလား အစ်မ ညီမလေးးက နေဂိုဏ်းပေါ့နော် ဒါဆိုရင်တော့ ပျော်စရာကြီး အမြဲစားတဲ့ အစာတွေ အဲ့ဘက်မှာ အများကြီးပါတယ်။ ဒါပေမယ့် လက်ဖက်ရည်
ကာဖီ၊ ကိတ်မုန့်၊ မုန်ဟင်းခါးရယ်က လဂိုဏ်းဖြစ်နေတယ် အဲ့တာကျတော့ နေတိုင်း စားချင်တာလေ..မရဘူးပေါ့နော် ဟင့်..ဘာပဲဖြစ်ဖြစ် အခုလို အစ်မ မှတ်မှတ်ရရ ရေးပေးတာ အရမ်းကျေးဇူးတင်ပါတယ်ရှင့်...အစ်မတို မိသားစု နှစ်သစ်ကူုးကို ငြိမ်းချမ်းပျော်ရွှင်စွာနဲ့ ဖြတ်ကျော်နိုင်ပါစေနော်..

အိမ်လွမ်းသူ said...

မုန့်ဟင်းခါးတို့ လက်ဖက်ရည်တို့လို မတည့်တဲ့ဟာတွေကိုစားချင်ရင် အဲ့ဒီအစားအသောက်အနံ့ကို များများရှူပြီးစားပေါ့.။ ကိုယ်စားလို့မတည့်တာတွေက ရှူရင်၊ လိမ်းရင် ဆေးဖြစ်တာပဲ။ ကိုယ်စားသင့်တဲ့အစားအသောက်ကိုတော့ မနမ်းမိ၊ မရှူမိစေနဲ့ပေါ့..။ အမတို့ငယ်ငယ်တုန်းက ဗမာဆေးတိုက်ရင် ဆရာတွေက နမ်းကြည့်ရင်မကြိုက်ဘူး..။ ဆေးအာနိသင်ပြယ်တယ်တဲ့။ အဲ့ဒါအခုမှ အမလည်းသဘောပေါက်တယ်..။ မုန့်ဟင်းခါးစားချင်ရင် အနံ့များများခံပြီးစား..။အဲ့တော့ ဆေးလည်းမဖြစ်ဘူး၊ ဘေးလည်းမဖြစ်ဘူး..ညီမရေ.. တူလေးမောင်ကာတွန်းလည်း အဲ့လိုဘဲလုပ်ပေါ့နော်..

yuyusan said...

အိမ်လွမ်းသူရဲ့ blog ကို လာလည်ရတာ ဗဟုသုတအရမ်းရပါတယ် ဂျာနယ်ကျော်မမလေးရဲ့ မြန်မာ့ဆေးပညာကိုဖတ်ပြီးကတည်းက ဒီကျမ်းကို ဖတ်ချင်နေတာ ဝေမျှပေးတဲ့အတွက် ကျေးဇူးလည်းအရမ်းတင်ပါတယ် ..

yuyusan said...

အိမ်လွမ်းသူရဲ့ blog ကို လာလည်ရတာ ဗဟုသုတအရမ်းရပါတယ် ဂျာနယ်ကျော်မမလေးရဲ့ မြန်မာ့ဆေးပညာကိုဖတ်ပြီးကတည်းက ဒီကျမ်းကို ဖတ်ချင်နေတာ ဝေမျှပေးတဲ့အတွက် ကျေးဇူးလည်းအရမ်းတင်ပါတယ် ..