Saturday, June 27, 2009

ခွင့်ပြုပါ...


သူတို့တွေပေါ့ မကြာခင် ဂတုံးလေးတွေဖြစ်တော့မှာ
အိမ်လွမ်းသူတယောက် ခုတလောဘလော့ဂင်းခြင်းမှခေတ္တ ရပ်ဆိုင်းထားရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်လွမ်းသူပိုင်ဆိုင်သော တန်ဘိုးမဖြတ်နိုင်သည့်ရတနား)) လေးများဖြစ်ကြသည့် မပေါ့နှင့် မပိ တို့ သီလရှင်ဝတ်ပြီးလျှင် ငါးရက်ပတ်တရားစခန်း၌ တရားရိပ်သာ ဝင်ကြမည်ဖြစ်ပါသောကြောင့် ထိုကိစ္စအဝဝနှင့် အလုပ်ရှုပ်နေသောကြောင့် ချစ်ခင်လှစွာသော ဘလော့မိတ်ဆွေ မောင်နှမများနှင့် ခေတ္တဝေးနေရပါမည်။ လာရောက်လည်ပတ်သူများကိုလည်း ကျေးဇူးတင်ပါသည်။ ပြန်မလည်နိုင်သေးသည်ကိုလည်း တောင်းပန်အပ်ပါသည်။ တရားရိပ်သာမှပြန်လာလျှင်တော့ သီိလရှင်လေးများအကြောင်း ပြန်ပြောပါမည့်အကြောင်း အသိပေးအပ်ပါသည်း))
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်….

5 comments:

Anonymous said...

ပေါ့ပိတို့ညီအမ သီလရှင်ဝတ်တော့မယ်ဆိုလို့ သာဓုခေါ်ပါတယ် အမရေ၊ သာ့သနာ့ဘောင်ဝင်တယ်ဆိုတာ မြင့်မြတ်ကောင်းမွန်တဲ့ အလုပ်ပါ ၊ မိဘနှစ်ပါးအတွက်လည်း ကုသိုလ်ရ၊ သမီးလေးတွေကလည်း မိဘမွေးကျေးဇူးကို မြင့်မြတ်တဲ့ သာသနာဘောင်ဝင်ရင်း မွေးကျေးဇူးဆပ်တာမို့ အလွန်မှ ပိတိထောမနာဖြစ်မိပါတယ်၊ ပုံလေးတွေတင်ပေးပါအုံး ၊ တူမလေးတွေ ပုံကြည့်ရအောင်၊ ဖြစ်နိုင်ရင် ဗွီဒီယိုလေးပါ တွဲတင်ပေးပါ၊

Moe Cho Thinn said...

အော်..လိမ်မာလိုက်ကြတာ။
မိဘ စိတ်ချမ်းသာမဲ့ ရေကြည်ရေစင်လေးတွေပေါ့။

MieMie said...

သမီးလိမ္မာလေးတွေ ရထားတဲ့မိဘကတော့ ကံကောင်းတာပေါ့နော့...သာဓုခေါ်ပါတယ်

mie nge

သစ်နက်ဆူး said...

သာဓုပါဗျာ သာဓု သာဓု...။

မဆုမွန် said...

သာဓုပါ အစ်မရေ ညီမလေး ပေါ့နဲ့ပိနဲ့တောင် စကားမပြောဖြစ်တာ တော်တော်ကြာသွားပြီ သတိရတယ် သူတို့ပြန်လာမှ သီလရှင်အတွေ့အကြုံလေးတွေ မေးတော့မယ်..ပုံလေးတွေ ကြည့်ချင်တယ် အစ်မလည်း ပင်ပမ်းနေပြီထင်တယ် နေကောင်းတယ်မဟုတ်လား အစ်မရေ သာဓုပါနော်