Monday, June 22, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲကို Oregon ရောက်မြန်မာ့ဒီိမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်း၍ ဘာသာပေါင်းစုံစုပေါင်း ဆုတောင်းပွဲကို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လျူဒါန်းခဲ့ကြပြီး နေ့လည် ၁-နာရီတွင် ဘာသာပေါင်းစုံမှ လူမျိုးအသီးသီး စုပေါင်း၍ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ ဤမေတ္တာပို့သပွဲသို့ Burma Campaign မှ Edit နှင့် Burma Action Committee မှ Tara တို့လည်း တက်ရောက်အားပေးခဲ့ကြပါသည်။ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသီရိန္ဒ၊ အစ္စလာမ် တရားပြဆရာဦးစိုးဝင်းနှင့် ခရစ်ယာန်သာသနာမှ ကိုပေါ့မာန်လ် တို့မှ ဦးဆောင်ကာ ဆုတောင်းမေတ္တာများကို အသီးသီး ပို့သခဲ့ကြပါတယ်။ ဆုတောင်းပွဲလာရောက်ကြသူများကို မုန့်ဟင်းခါးနှင့် ဧည့်ခံကြွေးမွေးပြီး ညနေ ၄-နာရီတွင် အောင်မြင်စွာပြီးဆုံးသွားပါသည်။

1 comment:

ယောနသံစင်ရော် said...

ဒီ commentလေးကတော့ အပေါ်က ပို့စ်နဲ့ မဆိုင်ပါဘူး။ အမကို ဆက်သွယ်ချင်တာ အီးမေးလည်း မသိတာနဲ့ ဒီမှာရေးလိုက်ပါတယ်။ တခါက အမ ဆီမှာ လေအောင့်ပျောက်ဆေးတောင်းဖူးတာ သတိရမှာပေါ့.။ တနေ့ကတော့ ကျောရော ရင်ရော မခံနိုင်အောင် အောင့်တာနဲ့ ဆေးရုံတက်လိုက်ရတယ်.။ လေအောင့်တာ မဟုတ်ပဲ သည်းခြေမှာကျောက်ရှိနေတာတဲ့။ စိုးရိမ်စရာတော့မရှိပါဘူး ကျောက်ကိုထုတ်လိုက်ရင် ကောင်းသွားမှာပါတဲ့။ အမကို အသိလာပေးတာပါ။ မိသားစု ရွှင်လန်းချမ်းမြေ့ပါစေ။