Saturday, October 25, 2008

အိမ်လွမ်းသူရဲ့... ကျေးဇူးတင်လွာ...

သူများဘလော့တွေကို လျှောက်လည်ပြီး သူများတွေလို ထွေရာလေးပါးပြောချင် ရေးချင်တာ လေးရေးရအောင်ဆိုပြီး ဘလော့လေးတခုလုပ်မိပါတယ်၊ နေ့တိုင်းပဲ အဆူခံနေရတယ်။ ကိုယ်ကလည်း ကိုယ်ပဲလေ။ မလုပ်တတ်တာကို စပ်စပ်.. စပ်စပ်လုပ်ပြီး လျှောက်ပြင်တော့ ဘလော့ကြီးက ပျက်ကုန်တာပေါ့။ အေးအေးဆေးဆေး စာရေးနေတာကမှ ဟုတ်သေးတယ်။ ရှည်ပြီးလျှောက်လုပ်တော့ အပြောခံရတော့တာပေါ့။ နောက်တခါပျက်ရင် မလုပ်ပေးတော့ဘူး တဲ့။ စောစောစီးစီး ကျေးဇူးတင်စကားလေး ပြောထားမှဖြစ်မယ်။ နို့မဟုတ်ရင် အကြောင်းမသင့်လို့ မှားလုပ်မိတာလေးများရှိရင် ပြန်ပြင်ပေးချင်အောင်လို့လေ.. ဟဲဟဲ ..။

ကျမကတော့ သူများတွေလို ကျေးဇူးတင်ရမဲ့လူက သိပ်မများပါဘူး။ လောလောဆယ် ကိုယ့်ဘလော့မှာ ထိပ်ဆုံးကတင်ထားတဲ့ သူ ပေါ့နော့။ သူကပဲ ဒီဘလော့လေးကို လုပ်ပေး တာဆိုတော့.. နားငြီးတော့နည်းနည်းခံရတာပေါ့နော်… ဘာဖြစ်ဖြစ်လေ .. သူ့ကြောင့်ပဲ ဘလော့လေးက လန်းဆန်းလာတာဆိုတော့ ကျေးဇူးအထူးတင်ပါသည်ပေါ့နော်.. ။

နောက်ထပ် ကျေးဇူးတင်ရမဲ့ သူကတော့ မှန်မှန်လာအားပေးပြီး ကွန်မန့်တွေရေးပေးတဲ့ ဒူကဘာ၊ ကျမရေးထားတာလေးတွေကို တကူးတကနဲ့ ပိုစ်တင်ပေးတဲ့ နော်မန်၊ ရေးထားတာတွေကို စောင့်ဖတ်ပေးကြတဲ့ စာဖတ်သူတွေ အားလုံး၊ အထူးသဖြင့် c-box ထဲမှာ ခြေရာလေးများချန်သွားခဲ့ကြတဲ့.. သစ်နက်ဆူးမဗေဒါရောင်ပြန်ဟန်လင်းထွန်း… စသဖြင့် အားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း …

2 comments:

ဒူကဘာ said...

ကျေးဇူးတင်တယ် ဆိုတာကို ကျေးဂျူးကဘာလို့ လာပြောတာ။ သူမလုပ်ပေးလဲ စာဖတ်ပြီး လုပ်ပေါ့ ( အဟိ ကြပ် ...လိုက်ဦးမှ ငါ့ကျတော့ မဏ္ဍပ်ပြာတဲ့ )

သစ်နက်ဆူး said...

တူတူဘဲပေါ့ အိမ်လွမ်းသူရေ...
လူမသိတဲ့ ဘလော့ အသစ်လေးတွေဆိုတော့ သူ့ ကိုယ်အားပေး....ကိုယ့်သူအားပေးပေါ့...
ကျနော်လဲ ဘလော့ဂ်ကိုတော့ သိပ်မကလိရဲဘူး....။
ဆက်ရေးပါ...
လူတွေက ဘ၀ဖြတ်သန်းပုံတွေ မတူတော့ အတွေအကြုံလေးတွေ မတူကြဘူးလေ....
ကျနော်ကတော့ ဘ၀တွေကို စိတ်ဝင်စားတယ်...။