Wednesday, October 29, 2008

ယနေ့သတင်း...

သမီးကြီးပေါ့အိုင်းရဲ့ ပန်းချီလေးပါ..
အိမ်လွမ်းသူတယောက် ဖလူ မိနေပါတယ်။ စာဖတ်သူတို့ ဖလူ ကာကွယ်ဆေးလေးများ မထိုးထား ရသေးလျှင် ဆေးကြိုတင်ထိုးကြဖို့ သတိပေးချင်ပါတယ်။ ဂျီတော့တွင် ကုလားမ(India ကလာသော ဗိုင်းရပ်) လိုက်နှာက် ယှက်နေသလို အိမ်လွမ်းသူကိုလည်း ဖလူနှောက်ယှက်နေပါတယ်… အားလုံးကို စေတနာရှေ့ထား၍ သတိပေးခြင်းဖြစ်ပါတယ်…။

5 comments:

ဒူကဘာ said...

ဖလူးမိယင် ဂစ်တာတီးသူကြီးကို ဖက်ထား ဟဲဟဲ...ပုံက Halloween မှတ်လို့ Trick or Treat လို့အော်မိတော့ မလို့

သစ်နက်ဆူး said...

အိမ်လွမ်းသူ...
နေကောင်းပါစေဗျာ...
ဒါနဲ့ ဖလူ...ဆိုတာ ဘာ ဘာသာစကားလဲဗျ...
ကျနော် သဘောမပေါက်လို့ ပါ...။

အိမ်လွမ်းသူ said...

ဖလူ ဆိုတာ flu ရဲ့အသံထွက်ကိုရေးထားတာပါ။ တုပ်ကွေးလေ.. ဒီမှာက မိုးရွာတာနဲ့ အေးလာတဲ့အချိန်နဲ့ လူအားနည်းနေတာနဲ့ တိုက်ဆိုင်ရင် ဖြစ်တတ်ကြတယ်။ အရင်နှစ်တွေက ကာကွယ်ဆေးထိုးထားပေမဲ့ ဒီနှစ်မှာတော့ မထိုးရသေးလို့ ကိုယ့်လိုပဲ မေ့နေကြရင် အမြန်ကာကွယ်ဆေးထိုးဖြစ်အောင် သတိပေးတဲ့အနေနဲ့ ရေးလိုက်တာပါ။

သစ်နက်ဆူး said...

မှားတဲ့ အခါလည်းမှားပေမပေါ့...ကျနော်က ကရင်စကားလား၊ ကချင်စကားလားလို့ ...ဟီး..ရှက်လိုက်တာ..။

အိမ်လွမ်းသူ said...

တခါတလေဒီလိုဘဲ ဖြစ်တတ်ပါတယ်.. ပညာရှိ သတိဖြစ်ခဲပေါ့.. မဟုတ်လား....